Sunday, August 11, 2019

ဟက်ပီးဝါး

သူရဲကောင်းတွေကလည်း သူရဲကောင်းမဟုတ်တော့ဘူး
ဗီလိန်တွေကလည်း ဗီလိန်မဟုတ်တော့ဘူး၊

ဆဲတာက ချစ်လို့ဆိုရင်
ကန်တော့တာက ဆဲနည်းတမျိုးလား၊

ဆင်းရဲတယ်သာပြောတာ
လူတကာမျက်စောင်းထိုးတာ ခံနေရတဲ့တိုင်းပြည်၊

စစ်ပွဲတွေက စီးပွားဖြစ်တော့
လူ့အသက်တွေက ချက်လက်မှတ်ဖြစ်ရ၊

အဲဒီတကမ္ဘာလုံးကိုတင်ပို့နေတဲ့ မူးယစ်ဆေးဝါးတွေဟာ
ကျုပ်တို့သားသမီးတွေရဲ့ အသွေးအသားတွေနဲ့ ချက်လုပ်ထားတာ၊

ကုလသမဂ္ဂဆိုတာကြီးကိုသာ
ခုံရုံးတင်လိုက်ကြပါလေ။

နှင်းခါးမိုး

No comments: