Tuesday, May 4, 2010

စံပယ်ကြွေတဲ့ည



အရင်လိုမမွှေးမြတော့ဘူးရယ်၊

မိုးရေတွေမဟုတ်ဘူး
မျက်ရည်တွေပါကိုကို
အပွင့်လေးတွေဖြူသလောက်
အရွက်တွေဒီလောက်စိမ်းမယ် မထင်ခဲ့မိဘူး၊

သံယောဇဉ်ဆိုတာ
ဝေးသွားရင်ညှိးတတ်ခြောက်တတ်သတဲ့လား
အခုတော့ အဖူးလေးတွေပါ ကြွေ။ ။

Saturday, May 1, 2010

မွေးနေ့စကား


အမေ့ရဲ့နာကျင်မှုတွေကို
ငိုသံနဲ့ပြန်အလျော်ပေးခဲ့ပါတယ်
ကမ္ဘာကြီးရဲ့နာကျင်မှုတွေကိုကော
ဘာနဲ့ပြန်အလျော်ပေးရမလဲ
ကျန်ခဲ့မယ့်ပြာတဆုပ်က
မြတ်လေးပန်းရုံလေးတရုံလောက်ကိုတော့
မွှေးပျံ့စေနိုင်မယ်ထင်ပါရဲ့
ရေပွက်ပမာ
ကိုယ့်ဂယက်ကလေးတွေနဲ့ကိုယ်
အလင်းနှစ်တွေဆီခရီးထွက်ခဲ့ကြ
ကျန်းမာပျော်ရွှင်ကြပါစေ။ ။

သူငယ်ချင်းတယောက်ရဲ့ နာရေးသတင်းနဲ့ သူငယ်ချင်းတယောက်ရဲ့ မွေးနေ့အမှတ်တရကြားမှာ ဒီကဗျာကိုရေးပါတယ်။