စိတ်က ကင်မရာနောက်လိုက်တယ်
ကင်မရာက ကြွပ်ကြွပ်အိတ်နောက်လိုက်တယ်
ကြွပ်ကြွပ်အိတ်က လေနောက်လိုက်တယ်
တယောက်ပင့်သက်က တယောက်အသက်ရှုသံနောက်လိုက်တယ်
ရုပ်ရှင်ကဒါပဲ
တကားလုံး ကြွပ်ကြွပ်အိတ်ကလေးလွင့်နေတာပဲ။
ဘုံဘိုင်ခေါင်းကရေကျသံတစက်စက်၊
နှင်းခါးမိုး
စိတ်က ကင်မရာနောက်လိုက်တယ်
ကင်မရာက ကြွပ်ကြွပ်အိတ်နောက်လိုက်တယ်
ကြွပ်ကြွပ်အိတ်က လေနောက်လိုက်တယ်
တယောက်ပင့်သက်က တယောက်အသက်ရှုသံနောက်လိုက်တယ်
ရုပ်ရှင်ကဒါပဲ
တကားလုံး ကြွပ်ကြွပ်အိတ်ကလေးလွင့်နေတာပဲ။
ဘုံဘိုင်ခေါင်းကရေကျသံတစက်စက်၊
နှင်းခါးမိုး
ဒုက္ခကိုပျားရည်ဆမ်းတာ
သစ်သီးကိတ်တလုံးဖြစ်မလာပေမဲ့
ချာလီချက်ပလင်မျက်ရည်ကျတော့
လူတွေကရီကြတယ်။
တကယ်မငတ်ဖူးခင်တုန်းကတော့
ဖိနပ်ကိုစွတ်ပြုတ်လုပ်သောက်တာ
ရီစရာပေါ့အချစ်ရယ်၊
မြစ်ဟာ တံတားအောက်မှာ ပြန်ကွေ့ဖို့မလွယ်
နာကျင်မှုမှာ ပိတ်ရက်မရှိ
ပျော်ရွှင်ဖွယ်ကောင်းသော ဖုန်းမမြည်၊
ဟယ်လင်
မင်းပဲမှားသလား၊ ငါပဲမှားသလား
စစ်ပွဲကတော့ဖြစ်ခဲ့ပြီ။
နှင်းခါးမိုး
22. July. 2018
ကဲ ဘော်ဒါတွေ
ကြက်ကိုကြော်တဲ့ကြက်ကြော် လာပြီနော်၊မီးခိုးနဲ့ညှော်နံ့တင်လှည်းကလေးတိုက်အောက်ရောက်ပြီ။
အမှိုက်ပစ်မယ် အမှိုက်အမှိုက်လှည်းထဲက ကလေးကသူမြင်သမျှကို အမှိုက်ပုံလို့ထင်တယ်မြို့ကြီးလည်းအမှိုက်ပုံလူတွေလည်းအမှိုက်ပုံ၊သူတို့သားအမိကိုမြင်ရင်ထိုးထိုးဟောင်တဲ့ခွေးတွေကျတော့သူ့သူငယ်ချင်းတွေလို့ထင်တယ်ခဲနဲ့ပေါက်လိုက်၊ တုတ်နဲ့ပစ်လိုက်၊မကုန်သေးတဲ့အားလူးကြော်ထုပ်ကို လုကောက်လိုက်၊သူမနိုင်တော့ရင် အမေ့ဆီရောက်အောင်ပြေးပြီး အော်ငိုလိုက်အမေက လှည်းထဲထည့်ပြီး လမ်းမတလျောက်တွန်းသွားတဲ့အခါတဝေါဝေါဖြတ်မောင်းသွားတဲ့မော်တော်ကားတွေကိုတယောက်ယောက်ကလှည်းထုတ်လိုက်တဲ့အမှိုက်ခွံကြီးတွေလိုတဟေးဟေးနဲ့ အော်ဟစ်ပျော်ရွှင်နေပြန်ရော။
မြို့ထဲကို အုန်းမွှေးလုံးကားကြီးတွေ တန်းစီဝင်လာပါပြီ၊အဲဒီဆိုက်ကားသမားလေးဟာ စစ်သူကြီးဟန်နီဘောပဲဘယ်အရာကမှ သူ့ကို မတားဆီးနိုင်ဘူးတရပ်ကွက်လုံး သူ့ကိုဖုန်းခေါ်ရတယ်၊အင်္ဂတေလောင်ထားတဲ့ခြေထောက်တွေဟာဘီယာဆိုင်ကိုကျော်ပြီး အဖြူပုန်းဆိုင်လေးထဲ ချိုးဝင်သွားကြတယ်၊မိန်းမ၀၀ကြီးတယောက်ဟာ ဘုရားပန်းတွေပိုက်လို့ကွမ်းယာဆိုင်ဆိုတာ လိုင်းပေါင်းစုံဖမ်းလို့ရတဲ့ ရေဒီယိုတလုံးပဲ။
ကောင်မလေးက ငှက်ပျော်အူဖတ်ကြိုက်တယ်ကောင်လေးက ငြုပ်သီးမှုန့်ကြောက်တယ်အလုပ်ကအပြန် ကားနောက်ကျတဲ့ညနေတိုင်းမုန့်ဟင်းခါးဆိုင်လေးထဲကညစာဟာတခါတခါ ကြိတ်ရယ်သံလေး ထွက်လာတယ်တခါတခါ ကြိတ်ငိုသံလေး လွင့်လာတယ်။
တနိုင်ငံလုံးလင်းဖို့ ဓာတ်အားမလုံလောက်ပေမဲ့အမေတယောက်ရဲ့နှလုံးသားကိုပြာချဖို့တော့ ဗို့အားကပြည့်တယ်။အခုသစ်ကိုင်းတွေခုတ်ထားတဲ့နေရာမှာမနေ့က ကျောင်းဆင်းလာတဲ့သားကလေး အိမ်ကိုပြန်မရောက်ခဲ့ဘူး။
လမ်းသွားရင်း ကော်မန့်မရေးပါနဲ့မိန်းကလေးရယ်ဝင်လာတဲ့မက်ဆေ့တိုင်း မင်းဘဝနဲ့ဆိုင်တာမဟုတ်ဘူး၊တရာတန်ငပိထောင်းတဗူးနဲ့ သီးစုံဟင်းတထုပ်ပါလာရင်ဒီညနေဖြစ်မယ့်စစ်ကို မနက်ဖြန်ရွေ့ထားလို့ရတယ်။တံခါးကို တဝက်ဟထားတဲ့အခါ၊
နှင်းခါးမိုး