Monday, October 22, 2018

လှေကားအောက်ကအခန်းကလေး

စိတ်က ကင်မရာနောက်လိုက်တယ်
ကင်မရာက ကြွပ်ကြွပ်အိတ်နောက်လိုက်တယ်
ကြွပ်ကြွပ်အိတ်က လေနောက်လိုက်တယ်
တယောက်ပင့်သက်က တယောက်အသက်ရှုသံနောက်လိုက်တယ်
ရုပ်ရှင်ကဒါပဲ
တကားလုံး ကြွပ်ကြွပ်အိတ်ကလေးလွင့်နေတာပဲ။
ဘုံဘိုင်ခေါင်းကရေကျသံတစက်စက်၊

နှင်းခါးမိုး

Tuesday, October 2, 2018

သဲနာရီ

ဒုက္ခကိုပျားရည်ဆမ်းတာ
သစ်သီးကိတ်တလုံးဖြစ်မလာပေမဲ့
ချာလီချက်ပလင်မျက်ရည်ကျတော့
လူတွေကရီကြတယ်။


တကယ်မငတ်ဖူးခင်တုန်းကတော့
ဖိနပ်ကိုစွတ်ပြုတ်လုပ်သောက်တာ
ရီစရာပေါ့အချစ်ရယ်၊


မြစ်ဟာ တံတားအောက်မှာ ပြန်ကွေ့ဖို့မလွယ်
နာကျင်မှုမှာ ပိတ်ရက်မရှိ
ပျော်ရွှင်ဖွယ်ကောင်းသော ဖုန်းမမြည်၊


ဟယ်လင်
မင်းပဲမှားသလား၊ ငါပဲမှားသလား
စစ်ပွဲကတော့ဖြစ်ခဲ့ပြီ။


နှင်းခါးမိုး
22. July. 2018