Thursday, October 30, 2008

စက္ကူနဲ့လုပ်တဲ့ကောင်




ငှက်တွေလိုပဲ လေမှာပျံဝဲတယ်
ကိုယ်ပိုင်အတောင်ပံတော့ မရှိပေဘူး
ကြိုးဆွဲရာအတိုင်းသာ...။ ။

(ကျနော့်ကဗျာတွေမှာ ဆက်တွေးစရာလေးတွေ ပါခဲ့တယ်ဆိုရင် အဲဒါဟာ ကဗျာရေးသူရဲ့ မိမိကိုယ်မိမိ ဝေဖန်ရေးအပေါ်မှာသာ အခြေခံခဲ့ပါကြောင်း ဝန်ခံပါရစေ)

4 comments:

Kaung Kin Ko said...

အဲလို မကန့် သတ်နဲ့ လေဗျာ။ မရဘူး။ တွေးချင်သလို တွေးမှာပဲ။ :D
အဆင်ပြေ ပျော်ရွှင်ပါစေဗျာ။

MANORHARY said...

အတောင်ပံဆိုတာ တကယ်မရှိခဲ့တဲ့အရာထင်ပါရဲ့

ဆောင်းယွန်းလ said...

တခါတခါကျတော့လည်း
ကြိုးဆွဲရာကနေလွတ်ထွက်
လေနှင်ရာဘက်ကို
လွင့်မြောတတ်သေးတယ်...
ကိုဝေလင်းရဲ့စွန်ကလေးကိုလာငေးရင်း
ကျနော်လည်းဝင်တွေးသွားတယ်ဗျာ..
ကျနော့်အကိုကြီးပျော်ရွှင်နိုင်ပါစေ..

တန်ခူး said...

တွေးစရာလေး ကျန်ခဲ့အောင် ရေးတတ်တာက ပညာပဲမိုလား...