Thursday, September 3, 2020

သံသရာရင်ကွဲ

ငါးဟာ ရေရဲ့အပြင်ရောက်တာနဲ့ ရင်ကွဲတာပဲ

မသေခင် ကွဲခဲ့ရတာလား၊ သေမှ ကွဲခဲ့ရတာလား
ရေဆိုတာ မျက်ရည်တမျိုးလား
သံသရာမှာ ငါးဘယ်နှစ်ဘဝလဲ

ရင်ကွဲပြီးမှဖြစ်တဲ့ငါးကလေးဟာ မျက်ရည်ထဲမှာကူးခတ်နေတယ်
ဧည့်ခန်းမီးရောင်က မှန်သားနံရံမှာ ကူးခတ်နေသလိုပေါ့
ကုန်းပေါ်ပစ်တင်ခံရတဲ့ ညကတော့ ဖျတ်ဖျတ်ကိုလူးလို့။

- - - - - - - - - - - - -
နှင်းခါးမိုး

၉၊ မတ်၊ ၂၀၁၉

No comments: