
(၁)
သွေ့မြေမှာ
ယောင်းရွက်တို့ ရုန်းရင်းဆန်ခတ်
ဇွန်မှာရွာဖို့
ဧပြီ အပူငွေ့တွေ
အရည်ဖွဲ့ခဲ့
မုန်တိုင်းခြေအကြွ
သစ်ရွက်သစ်နံ့ရတယ်။
(၂)
ဗောဓိညောင်ခြေ သွန်းတဲ့ရေ
လေးသံမြားသံ စဲပါစေ
သပြေရွက်ပေါ်မှာတော့
အိပ်မက်မိုးစက်ကလေးတွေ။
(၃)
ဖုန်ထူထူ လူသွားလမ်းကလေး ဘေးက
သားမွေးမယ့်မြက်တို့ရဲ့
နွေလည်နေ ပုံပြင်များကိုမူ
မေသည် စကားဖွဖွ ဆိုလေ၏။ ။
3 comments:
It is a scorcher to day.
နွေလည်နေ ပုံပြင်များ
နှင်းခါးမိုး အိပ်မက်များ
မေ၏အပြုံး
သစ်ရွက်သစ်နံ့.......
................
မေ..သည်လည်းဆွတ်ပျံ့ဖွယ်ရာ..
.......
mnhy
ညောင် မှာ သဝေထိုးလေး ကျန်နေပါတယ် ဆရာ .. ကဗျာက အရမ်းကောင်းတော့ စာလုံးပေါင်းနဲ့ မဖျက်စေ ချင်လို့ပါ ...
Post a Comment