အွန်လိုင်းကဗျာ
ကိုယ်ကတော့ ကဗျာကို ဘယ်နေရာမှာမဆို ရေးတာပါပဲ။
နံရံပေါ်မှာလည်း ရေးခဲ့ဖူးတယ်။ ဆေးလိပ်ဖင်ဆီခံပေါ်လည်း ရေးခဲ့ဘူးတယ်။ ကိုယ့်အရေပြားပေါ်မှာလည်း ကိုယ်ရေးခဲ့ဖူးတယ်။
အိမ်မှာနေတော့ အိမ်မြှောင်၊ ကျောင်းမှာနေတော့ ကျောင်းမြှောင်ဖြစ်မသွားပါဘူး။ ကဗျာက ကဗျာပါပဲ။
ဒီတော့ အွန်လိုင်းကဗျာလည်း ကဗျာပဲပေါ့။
3 comments:
ဟုတ်တာပေါ့ ကိုဝေလင်းရေ... ကဗျာက ကဗျာပါပဲ... ကဗျာဆိုတဲ့သဘောက ဟိုဘက်နားက၀င်... ဒီဘက်နားကထွက်မသွားပဲ ရင်ထဲစွဲကျန်နေရစ်တာ... ဒါကြောင့်လဲမောင့်မဟာဂီတသူမ ကို ခုထိမေ့လို့ မရသေးတာပါ...(ကျေးဇူးပြုပြီး အပေါ်က ကော်မန့် လေးဖျက်ပေးပါနော်... အီးမေးလ်မပြောင်းပဲ မန့် လိုက်မိလို့ )
မတန်ခူးရေ
လှပကျစ်လစ်ပြီး အေးဆေးနုညံ့တဲ့ ရသလေးတွေ ဖတ်ချင်တယ်ဗျာ။ ရွှင်လန်းချမ်းမြေ့ပါစေ
Post a Comment