Monday, October 15, 2012

သက်တန့်လက်ဆောင်

နှင်းခါးမိုး


ထုပ်ပိုး ဖဲကြိုးချည် သူ့နာမည်လေးရေး 
ပို့လိုက်တယ်၊

အရောင်စိုကြွ လှပကွေးညွတ် ကျယ်ပြန့်လွတ်လပ် လတ်ဆတ်သန့်ရှင်း
ချစ်ခြင်းဖွဲ့ရာ ကမ္ဘာအသစ်၊

ဘာမှမမြဲတဲ့လောကကြီးကိုငေးကြည့်လိုက်တော့
ဘယ်တော့မှပျက်ပြယ်မသွားနိုင်တဲ့တဒင်္ဂတွေနဲ့
ရှုလို့မဆုံး။



No comments: