နှင်းခါးမိုး
မြေကြီးပေါ်မှာလည်း လူတယောက်လို လမ်းလျောက်တယ်
ဒါပေမယ့်မြေကြီးတွေကိုစစ်တိုက်ပြီးမသိမ်းဘူး၊
ရေထဲမှာလည်း ငါးတကောင်လို ကူးခတ်တယ်
ဒါပေမယ့်ငါးမျှားတံရဲ့ အစာချရာနောက်မလိုက်ဘူး၊
မိုးပေါ်ကိုလည်း ခြေဖျားလေးထောက်ထောက်ပြီး မော့မော့ကြည့်တယ်
ဒါပေမယ့်ကောင်းကင်ကြီးပေါ်တက် မပျော်ပါးဘူး
လေဟုန်စီးပြီးခရီးရှည်လည်းမသွားဘူး၊
ကျောက်ဆောင်ကြီးတွေရဲ့ချစ်ခြင်းမေတ္တာနဲ့
နားလည်ရခက်ပေမယ့်အမြဲတမ်းပြန်အသစ်ဖြစ်ဖြစ်နေတဲ့ ရေခဲပြင်ကြီးတွေရဲ့သံယောဇဉ်ရင်ခွင်မှာ
နွေးထွေးတောက်ပတဲ့နေရောင်ကလွဲရင် ဘာကိုမှ သူမတောင့်တတတ်ခဲ့ဘူး
တိတ်ဆိတ်ငြိမ်သက်စွာ မတ်မတ်ရပ်နေခဲ့တယ်။
No comments:
Post a Comment