Tuesday, July 8, 2014

ကော်ဖီ

နှင်းခါးမိုး

ပူနွေးတယ်
မွှေးပျံ့တယ်
ရင်ကိုခုန်စေတယ်။

မနက်စောစောကို
မင်္ဂလာပါလို့မပြောမီ
ညကမှပွင့်တဲ့သစ်ခွအိုးကလေးကို
ငေးရင်း
တစိမ့်စိမ့်သောက်ဖြစ်ခဲ့တယ်
ကြိမ်စားပွဲကလေးအပေါ် နေရောင်နဲ့အတူ။

နောက်တခွက်မလိုဘူး
နောက်တဘ၀ပဲလိုတယ်။   ။





2 comments:

သက်ဝေ said...

ဒီကဗျာလေးကို သိပ်သဘောကျတယ်...း)

စံပယ်ချို said...

သောက်လက်စကော်ဖီခွက်ကိုငေးမိတယ်