လွတ်လပ်တယ်၊ ပေါ့ပါးတယ်
ဖြူစင်တယ်၊ မြင့်မားတယ်၊ သန့်ရှင်းတယ်
အသွင်အမျိုးမျိုး.. အဆင်အမျိုးမျိုး.. ဘယ်တော့မှမရိုးဘူး
ကိုယ့်စိတ်ကူးနဲ့ကိုယ် လိုရာပုံဖော်နိုင်သေး..၊
တခါတလေ ညို
ပြိုချင်ပြိုချလိုက်
ငါ့စိတ်တွေစိုစိုရွှဲပါစေတော့ကွယ်။ ။
ဖြူစင်တယ်၊ မြင့်မားတယ်၊ သန့်ရှင်းတယ်
အသွင်အမျိုးမျိုး.. အဆင်အမျိုးမျိုး.. ဘယ်တော့မှမရိုးဘူး
ကိုယ့်စိတ်ကူးနဲ့ကိုယ် လိုရာပုံဖော်နိုင်သေး..၊
တခါတလေ ညို
ပြိုချင်ပြိုချလိုက်
ငါ့စိတ်တွေစိုစိုရွှဲပါစေတော့ကွယ်။ ။
9 comments:
တိမ်တွေကို လွတ်လွတ်လပ်လပ် ငေးမောမကြည့်နိုင်တာ ကြာပြီဗျ။
အမြဲဖတ်နေပေမယ့် ကွန်မန့်မချဖြစ် ။
ဒီကဗျာလေးကိုတော့ သိပ်ကြိုက်လို့ ကိုဝေလင်းရေ ။
တိမ်တွေကို မျှောင်ယောင်ငေးလို့ ပျော်မယောင်နဲ့ ဆွေးသွားပါတယ် :)
ပျော်ရွှင်ပါစေခင်ဗျာ
တိမ်တွေ ဖြစ်သွားလို့
အိမ်ပြန်မရောက်တော့တာ
နှစ် နှစ်ဆယ်း)
ကိုဝေလင်းရေ-
ချစ်စရာ ကဗျာလေး နဲ့.. မှတ်သားစရာ..ဆောင်းပါးရှည် ကြီး ကိုဖတ်သွားပါတယ်။
ခင်မင်လျက်-
အားလုံးပဲ.. ကျေးဇူးပါဗျာ။
တိမ်တွေတလှည့်
မိမိကိုယ်မိမိတလှည့်
ငေးလိုက် လွင့်လိုက်
ဆက်လက်စီးဆင်းကြမယ်လေ
ကဗျာမှာ လွမ်းသွားတယ် ကိုဝေလင်း...
တခါတခါ တိမ်တွေက မျှော်လင့်ချက်တွေဖြစ်…
မျှော်လင့်ချက်တွေက ကိုယ်ကိုယ်တိုင်ဖြစ်…
ကိုယ်ကိုယ်တိုင်က တိမ်တွေဖြစ်…
ကြိုက်တယ်ဗျာ၊ ခပ်ရိုးရိုးလေးနဲ့ ခံစားလို့ရတဲ့ ကဗျာလေး
ကျွန်တော်ကူးသွားတယ် ..
Post a Comment