ရေဆူမှတ် မရောက်ခင်
ငါတို့သွေးတွေ ဆူပွက်တော့မယ်
မြစ်ဆုံကြီး
ခေါင်းပေါ်ကလောင်းချလိုက်ရ ကောင်းမလား
ယပ်ခပ်ပြီးနေရတဲ့လူတွေအဖို့တော့
မီးပျက်ရင် လမ်းပေါ်ထွက်လျှောက်နေလိုက်တာပဲ
ပြန်လည်ထမြောက်ဖို့ ဆုတောင်းပါမှ
ကောင်းကင်ဘုံချက်ချင်းရောက်ကြရတယ်လို့
ညတွင်းကြီး ပေါက်ကျလာတဲ့နွံမှာ ဒီတခေတ်လုံးနစ်ခဲ့ပြီ။
- - - - - - - - -
နှင်းခါးမိုး
၂၆၊ ဧပြီ၊ ၂၀၁၉
1 comment:
beautiful
Post a Comment