ကျနော့်အသံဟာမောနေတယ်
ကျနော့်အသံဟာအနားတွေဖွာနေတယ်
ကျနော့်အသံဟာဒယီးဒယိုင်ဖြစ်နေတယ်
ကျနော့်အသံဟာဂမူးရှုးထိုးပြေးနေတယ်
ကျနော့်အသံဟာလေနောက်လွင့်ပါသွားတယ်
ကျနော့်အသံဟာတဖြုတ်ဖြုတ်ကြွေကျနေတယ်
ကျနော့်အသံဟာပြေးလမ်းပိတ်နေတယ်
ကျနော့်အသံဟာမီးနီကိုမရပ်ပဲမောင်းတယ်
ကျနော့်အသံဟာတံခါးကိုတွန်းဖွင့်တယ်
လှေကားအတိုင်းပြေးဆင်းတယ်
ဘက်စ်ကားမမီဘူး
ခုံတန်းလျားမှာစိတ်ပျက်လက်ပျက်ထိုင်တယ်
အပြေးလေ့ကျင့်နေတဲ့ကောင်မလေးကိုငမ်းတယ်
ညနေစာ၊ အိပ်ယာ၊ ဘီယာဘား
ကိုယ့်ကိုယ်ကိုယ်စက်ဆုပ်တယ်
ခဏကြာတော့ဝမ်းနည်းပြီးငိုတယ်
မင်းကမူးရင်ငိုတယ်
မင်းကမူးရင်အကုန်လုံးပြောတယ်
မင်းကမူးရင်ကိုယ့်မိန်းမကိုလူတကာလိုက်ပေးတယ်
မင်းကမူးရင်အန်လိုက်ရမှ
အန်ဖတ်ကိုလက်ခုပ်နဲ့ခံတဲ့သူငယ်ချင်း
ဘလက်ကော်ဖီထဲသံပုရာသီးညှစ်ပေးတဲ့သူငယ်ချင်း
သူ့အိပ်ယာကိုပေးအိပ်တဲ့သူငယ်ချင်း
ချစ်လို့ယူခဲ့တဲ့ကဗျာကို
ဘာအကြောင်းပြချက်မှမပေးပဲကွာရှင်းခဲ့သူ...။
ကျနော့်အသံဟာခြေပစ်လက်ပစ်
မင်းကမူးရင်ကိုယ့်အိမ်မဟုတ်တဲ့တံခါးကိုခေါက်ရမှ
သူ့အချစ်ကခလေးတယောက်ပါတယ်
လူကြီးလူကောင်းဆန်လှတဲ့သူငယ်ချင်းရေ
အိုအောင်မင်းအောင်ဖူးပွင့်လိုက်
ဒီလမ်းပေါ်မြို့ကြီးတွေအပြင်းမောင်းနေစဉ်။ ။
နှင်းခါးမိုး
No comments:
Post a Comment