Thursday, July 24, 2008

မီးခိုးတိမ်အိမ်ဖွဲ့

နှင်းခါးမိုး

တခါတုန်းကတော့
ပါးစပ်ဖျားကမချကြဘူး
မက်မက်မောမော၊

အခုတော့
အငွေ့မသေသေးရင်တောင်
ဖိနပ်ဦးနဲ့နင်းချေသွားတတ်တယ်။

လမ်းပေါ်၌
ကျနော်ကြည့်ငေးနေမိသော
စီးကရက်အစီခံကလေးများ..။ ။

5 comments:

ညိမ်းညို said...

ဆရာရေ ကဗျာအသစ်ဖတ်ဖို့ စောင့်နေတာ ။ တပုဒ်ဆို ဆိုသလောက်ပဲ။ တအားကြိုက်တယ်ဗျာ ။
အိမ်ရှေ့ကသစ်ပင်၊ အခုသည်ကဗျာအဖွဲ့မျိုးလေးတွေ ကျနော်လဲရေးတတ်ချင်လိုက်တာဗျာ။ ရိုးုးလေးနဲ့ ကဗျာဓာတ်အပြည့်ပါတော့ အားကျတယ်ဗျ။ ပျော်ရွှင်ပါစေခင်ဗျာ :)

အောင်သာငယ် said...

ကြိုးတချောင်းကို လာတီးသွားတယ်။ တချောင်းတည်းဆိုတော့ တသံပဲထွက်တယ်လေ။

တန်ခူး said...

တောင်တက်နှေးတဲ့ ပလောင်ကို စိတ်ရှည်ရှည်နဲ့ စောင့်ရကျိုးနပ်ပါတယ်… လဘက်ကောင်းကို မြိန်လျက်စွာ စားသုံးသွားပါတယ်… အဲဒီလို တိုတိုလေးနဲ့  ထိမိပြီး လူ့ သဘော လူ့ သဘာဝကို ဖော်ညွှန်းတဲ့၊ နှလုံးသားထဲကို အလွတ်မှတ်စရာမလို သူ့ အလိုလို စွဲထင်သွားတဲ့ ကဗျာလေးတပုဒ် မွေးဖွားဖြစ်ဖို့ ချမ်းသာတဲ့လွန်းတဲ့ အနုပညာကို နဲနဲလောက်တော့ ချေးငှါးချင်သား…

wai lin said...

မတန်ခူး၊ ကိုအောင်သာငယ်၊ ကိုညိမ်းညို..
အားပေးစကားတွေအတွက် ကျေးဇူးတင်ပါတယ်။ အခုနောက်ပိုင်း ဘာဖြစ်လို့လဲမသိ စကားလုံးတွေ ဆင်းရဲသွားတာလား..၊ စကားတွေအများကြီးပြောချဖို့ ကြောက်နေတာလား..။
ဒီလို တကြောင်းဆွဲလေးတွေပဲ ရေးဖြစ်တယ်။
ပြောချင်တာကို ရတယ်ဆိုရင်တော့ ကျေနပ်စရာပါပဲဗျာ။

ကလိုစေးထူး said...

ကျနော်တော့ ကဗျာထဲမှာ မြုပ်ကွက်ကလေးပါ ထည့်ထားတာလေးရယ်၊ ကဗျာခေါင်းစဉ်ပေးထားပုံလေးရယ်ကို အတုယူမိပါတယ်။ ကဗျာက တိုတာထက် ကျစ်လစ်တာလို့ ပြောရင် ပိုမှန်မယ် ထင်မိတယ်။ အကို အသစ်မရေးဖြစ်ရင်တောင် အကိုရေးခဲ့ဖူးတဲ့ မြောက်များစွာသော အဟောင်းတွေထဲကမှ စိတ်တိုင်းကျတာလေးတွေ တင်ပေါ့ အကိုရ။