
မီးရထားကထွက်သွားပြီ
လူသူရှင်းလင်းဘူတာစင်္ကြန်ထဲ
အထီးကျန်ထိုင်ခုံ
ခရီးဆောင်လက်ဆွဲအိတ်
လေ့လွင့်ခွေးပိန်တကောင်ကသမ်းဝေလို့
မြေကြွက်တကောင်ကအစာရှာပြေးလွှား
ဘူတာနောက်ကလယ်ကွင်းထဲလူသွားလမ်းကလေးပေါ်
တခါကအပြာရောင်ထီးနဲ့ မမထားကိုသတိရ
အဲဒီတုန်းကယူကလစ်ပင်ကလေးတွေအခုဘယ်မှာလဲ
အားလုံးကထားခဲ့ပြီ
အားလုံးကိုထားခဲ့ပြီ
သုံးမရတော့တဲ့လက်မှတ်ကိုသာ
လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်မိရဲ့
ဟောဒီမိုးဖွဲကလေးများကိုတော့ဖြင့်
မစဲစေချင်သေးပါ။ ။