Sunday, March 9, 2008

ကမ်းခြေ

နှင်းခါးမိုး

သဲပြင်ပေါ်
လှဲအိပ်လိုက်တယ်

လှိုင်းသံတွေက
ရင်ကိုဆောင့်တယ်
ကောင်းကင်မှာ
ကမ်းခြေရှာမိသူပါ
ထွက်ပြေးသွားတာလား
တိုးဝင်လာတာလား
တိမ်တွေကို မယုံရဲဘူး
ခြေရာများ
ရေးခြစ်ခဲ့သောအရုပ်များ
ပင်လယ်ရေကသိမ်းဆည်းသွား...

ခရုခွံလှလှလေးတွေသာ
အမှတ်တရ အိမ်ပါခဲ့တယ်။

3 comments:

Nyein Chan Aung said...

ကြိုက်တယ် ကိုနှင်းခါးမိုး။

တန်ခူး said...

ကမ်းခြေက ကဗျာတပုဒ်ကိုတော့ ပင်လယ်ရေက မသိမ်းဆည်းနိုင်ခဲ့ပါဘူး။

Kaung Kin Ko said...

ကဗျာလေး ခံစားသွားတယ်ဗျာ