Tuesday, August 26, 2008

တခါကစင်တင်ခဲ့ဘူးတဲ့ပြဇာတ်တပုဒ်




ငိုချပစ်လိုက်တယ်
မိုးတွေရွာချလိုက်တယ်။

စကားလုံးတွေ
မျက်ရည်တွေ
ရှိုက်ရှိုက်တက်လာသံတွေ။

စိတ်ထဲမှာရှိတာတွေ
ရင်ထဲမှာရှိတာတွေ
ကုန်သွားတဲ့အထိ..။

ကမ္ဘာကြီးကိုဘုရားသခင်က
ရေနဲ့မီးနဲ့ ဆေးကြောပစ်ခဲ့ဘူးတယ်မဟုတ်လား။

ဘဝကိုအသစ်တခုလဲလိုက်သလို
မုန်တိုင်းပြီးဆုံးသွားသလို
ရုပ်ရှင်ရုံတရုံထဲကထွက်လာသလို
အဝတ်အစားတွေဘာတွေတောင်ဆွဲဆန့်လိုက်သေး
ပြီးတော့ ပထမဆုံး မျက်နှာချင်းဆိုင်တွေ့တဲ့လူတယောက်ကို
အားရပါးရပြုံးပြလိုက်တယ်။

နှလုံးသားဆိုသည်
ဘူတာရုံတခုမျှသာ။ ။

( ကြာပါပြီ။ စာအုပ်ကြားက ပြန်တွေ့လို့ တင်လိုက်တာ။
နုစဉ်တုန်းက ဆိုပါတော့။ အဟတ် )

6 comments:

pandora said...

စာအုပ်တွေ များများ လှန်ဖတ်ပါဗျို့။ ဒါမျိုးလေးတွေ ပေါ်လာအောင်။

ဒါနဲ့ နုစဉ်ဆိုတာ ဘယ်လောက်နုတုန်းကလဲဟင်။
အ၀ါရောင်ပင်လယ်မှာ မ က မီးပုံထဲ ချက်ချင်းခုန်ချတယ်ဆို
အဲဒီမတိုင်ခင်လား။ မ မှ ဟုတ်ရဲ့လား။
အဲဒီနောက်ပိုင်းဆိုရင်တော့… (ဟဲဟဲ.. ကလေးက လာဖတ်ပြီး ပြန်တိုင်လိမ့်မယ် ထင်တယ်)

အခုလို ရင့်သွားတဲ့ အခါကျတော့ရော နှလုံးသားဆိုသည်.. ဘာနဲ့တူလဲဗျ။

ညိမ်းညို said...

အရီးပန်အဆိုကို ထောက်ခံရမှာပဲဗျ။
စာအုပ်တွေ များများလှန်ပါလို့လေ :)
နုစဉ်ဆိုတာ ဘယ်လောက်နုစဉ်တုန်းကဆိုတာလေးတော့
သိချင်သား ဆရာရေ :P
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ ..။

ATN said...

စာအုပ်ကြားက ကဗျာများကို များများ ဖတ်ချင်ပါတယ် ဗျို့

တန်ခူး said...

နုစဉ်တုန်းလက်ရာလေးတွေ ပြန်ဖတ်ရတာလည်း ချစ်ဦးသူနဲ့ ပြန်ဆုံတဲ့ခံစားမှုမျိုးနဲ့  နဲနဲဆင်မယ်ထင်တယ်နော်… ရှိုးတိုးရှန်းတန်းလေးပေါ့… ခုတော့ နှလုံးသားဆိုတာ လုံခြုံစိတ်ချရတဲ့ နေရာမှာ တည်တည်ငြိမ်ငြိမ် ကျောက်ချထားတဲ့ သဘောင်္တစင်းပေါ့…

သစ်နက်ဆူး said...

ဆရာ ကိုဝေလင်း....
မဲဆောက်မှာ တစ်ခါဆုံခဲ့ကြဘူးသလိုဘဲ.....
သိပ်မမှတ်မိဘူး...နာမည်ကိုတော့ မှတ်မိနေတယ်
ဆရာ ဆိုက်လေးကို...ကျနော့်ဆီမှာ လင့်ခ်ထားချင်ပါတယ်...။
စာတော့ အမြဲလာဖတ်ပါတယ်...

sandar said...

နှစဉ်ကဗျာတွေက ပိုပြီး ရိုးသာဖြူစင်တယ် ပိုမိုသွက်လက်တယ်လို ခံစားမိပါတယ်။ စိတ်ကူးလေးရတုံး တေးလေးသီခဲ့လိုတော့သေးတာပေါ့