Tuesday, May 4, 2010

စံပယ်ကြွေတဲ့ည



အရင်လိုမမွှေးမြတော့ဘူးရယ်၊

မိုးရေတွေမဟုတ်ဘူး
မျက်ရည်တွေပါကိုကို
အပွင့်လေးတွေဖြူသလောက်
အရွက်တွေဒီလောက်စိမ်းမယ် မထင်ခဲ့မိဘူး၊

သံယောဇဉ်ဆိုတာ
ဝေးသွားရင်ညှိးတတ်ခြောက်တတ်သတဲ့လား
အခုတော့ အဖူးလေးတွေပါ ကြွေ။ ။

9 comments:

Anonymous said...

ကဗျာတွေပြန်မြင်ရလို့ဝမ်းသာတယ်
လပြည့်ည ၊ အရိုးစု ကဗျာလိုမျိုးလေးတွေ စောင့်မျှော်နေမိတယ် ...


သူမ

pandora said...

ပန်းရဲ့အနားသတ်ပြင်ပမှာပွင့်ခဲ့ရင်
မကြွေတဲ့စံပယ်တွေရှိမယ်..

ငြိမ်းဝေ said...

ဒီကဗျာ
နှင်းခါးမိုးရေးတာလို့ 
ကျနော်
မယုံကြည်ချင်ဘူး။

တြိရတနာ said...

သြော်စံပယ်ရယ် အညှာလွယ်ရင် ခင်တွယ်သူတွေအမျာြး့ကီးပါ ဒီကမ္ဘာကြီးက တယောက်တည်းအတွက်မှမဟုတ်တာ ပိုင်သူမရှိခဲ့ရင် မရှိတော့ရင်ပေါ့လေ ဆုံးဖြတ်ချက်သာခိုင်မြဲပါစေ။

တန်ခူး said...

သေချာတာကတော့ စံပယ်မှန်ရင်ဖြူစင်ကြတာကိုပါပဲ... ကြွေသွားတဲ့အဖူးလေးကတောင် ဖြူနေတုန်းပဲမိုလား...

Anonymous said...

သံယောဇဉ်ဆိုတာဝေးသွားရင်ညိုးတတ်ခြောက်တတ်သတဲ့လား?

Anonymous said...

ဦးဦး နှင်ခါးမိုးရေ ကဗျာအသစ်မရေးတော့ဘူးလား



မေနှင်းကိုကို

ကိုချစ်ဖေ said...

လွှတ်ကောင်းတယ်ဗျာ..ကဗျာနဲ့ ကဗျာဆရာရုပ်နဲ့တော့ ဗြောင်းပြန်အချိုးကျတယ်.

ဗညား said...

အကို

ဒီကဗျာသိပ်ကြိုက်တယ်