Monday, January 3, 2011

စစ်



တယောက်ကိုတယောက်တည့်တည့်ချိန်ပစ်ကြ
ဘဝတွေပေးခဲ့ပြီး
ဘာပြန်ရမှန်းမသိလိုက်ဘူး
သေနတ်ခလုတ်ပေါ်မှာ
ငြိမ်းချမ်းမှုကိုရှာသတဲ့
လွတ်မြောက်မှုကိုရှာသတဲ့
အမှန်တရားကိုရှာသတဲ့။

မချိုးရသေးတဲ့ပြောင်းခင်းကြီးတွေကို ထားပစ်ခဲ့ရ
မြေးမလေးရဲ့ဗလာစာအုပ်ထဲမှာ
အရုပ်တွေကို အနီရောင်ခြယ်ထားရဲ့
မြစ်ထဲမှာ
စစ်ပွဲရဲ့ရေစီးသံ။

အပြန်လမ်းက
တဘက်ကမ်းမှာကျန်ခဲ့ပြီ။ ။

၀၃၊ ဇန်နဝါရီ၊ ၂၀၁၁

2 comments:

Anonymous said...

ကောင်းလိုက်တဲ့ ကဗျာလေး


အပိုင်သား
ဂတုံး

သူမ said...

ကဗျာတွေ ပျောက်နေတာကြာပြီ
နှင်းခါးမိုး ကဗျာသစ်တွေ မသောက်သုံးရတာကြာပြီ
နှစ်သစ်မှာ ပြန်တွေ့ရလို့ ၀မ်းသာတယ်