Monday, October 15, 2012

သက်တံ့လက်ဆောင်



ထုပ်ပိုး ဖဲကြိုးချည် သူ့နာမည်လေးရေး 
ပို့လိုက်တယ်၊

အရောင်စိုကြွ လှပကွေးညွတ် ကျယ်ပြန့်လွတ်လပ် လတ်ဆတ်သန့်ရှင်း
ချစ်ခြင်းဖွဲ့ရာ ကမ္ဘာအသစ်၊

ဘာမှမမြဲတဲ့လောကကြီးကိုငေးကြည့်လိုက်တော့
ဘယ်တော့မှပျက်ပြယ်မသွားနိုင်တဲ့တဒင်္ဂတွေနဲ့
ရှုလို့မဆုံး။



Tuesday, October 9, 2012

ရှပ်အင်္ကျီဟောင်းလေးတထည်





နေလောင်လွန်းလို့
အကွက်မပေါ်တော့ဘူး
နေလောင်ဒဏ်ကိုတော့
ခံနိုင်တုန်းပါပဲ
ခါးလှဖို့မဟုတ်ဘူး
ဝမ်းဝဖို့ဝတ်ထားတာပါ
နဖူးကချွေး ခြေမမကျခင်
ရင်ဘတ်မှာကြယ်သီးလေးတလုံးကလည်းပြုတ်နေသေး
သနပ်ခါးထူထူ
အုတ်သဲကျောက်ဘိလပ်မြေမှုန့်ထူထူ
ဆေးသုတ်ပြီးစတိုက်အသစ်ကြီးကို လည်ပြန်ငေး
ဘယ်သူမှမကြားခဲ့ကြတဲ့ရှိုက်သံသဲ့သဲ့လေး
သံချည်သံကွေး သူ့ကောင်ကလေး။        ။