မြို့ရဲ့အမှောင်ကို ဥသြသံနဲ့ရိုက်ဖွင့်၊ ခရီးဝေးက ဝင်လာတဲ့ရထား၊ အိပ်မပျော်သူနဲ့ လှေကားထဲကခြေသံတွေ။
ရေချိုးခန်းမီးဟာလင်းနေ၊ တဝက်ပဲဖတ်ရသေးတဲ့စာအုပ်၊ တံခါးနောက်က အိမ်မြှောင်အမြီးပုတ်သံနဲ့ ကြောင်ခုန်ချတဲ့ခေါင်မိုး။
မသိမှု မရှိမှုထဲ ပွင့်ပွင့်ကြွေကြွေ၊ အဆုံးမရှိလောင်ကျွမ်းခဲ့တဲ့လမ်း၊ မိုးရွာထဲ ထီးကလေးဖွင့် တရွေ့ရွေ့ထွက်ခွာသွားတဲ့အခါ မျက်ရည်ဟာဝတ်စုံအပြည့်၊ ပေးထားတဲ့လိပ်စာအတိုင်း ဖုန်းခေါ်သံတွေ။
တယောက်မကြားချင်တဲ့စကား တယောက်ပြောကြေး။
နှင်းခါးမိုး
၁၂၊ ဇူလိုင်၊ ၂၀၁၈
1 comment:
ဒေါက်ဒေါက်ဒေါက်
အမှောင်ညမှာ တစ္ဆေခြောက်ကြည့်တာ
ခြေရာတွေမှာ အော်သံပါနေသလိုလို
ဟေ့လူ
Post a Comment