Sunday, December 13, 2020

တစ္ဆေခေါ်သံ

၁။
ရဲရဲတောက်ကြတုန်းကတော့
တခြိမ်းခြိမ်းနဲ့၊
ဂျုံးဂျုံးကျတော့လည်း
ကြူကြူကိုပါလို့။

တော်ပါတော့
နိဗာနတေးတွေ
သံဝေဂလင်္ကာတွေ
တကိုယ်တော်ထွက်ပြေးရေးကဗျာတွေ
ထွက်ပေါက်မဲ့အဘိဓမ္မာတွေ။

၂။
လမ်းဆုံးပြီထင်ရင်လည်း
တိုက်ပေါ်ကခုန်ချလိုက်ကြ
ရေထဲဆင်းသေကြ၊
စိတ်ကျရောဂါကိုတော့
နောက်ဆုံးပေါ်ဖက်ရှင်လိုလို
ပွဲနေပွဲထိုင်မလုပ်ကြနဲ့။

၃။
လူသာလဲတယ်
လက်ကအလံကမလဲဘူး၊
အထကကျောင်းသူလေး
ညညတံခါးလာလာခေါက်တယ်။ ။

- - - - - - - - - 
နှင်းခါးမိုး
(၈-၅-၀၇)
ခေတ်ပြိုင်...မှ

Wednesday, December 9, 2020

နှစ်ဆန်း ၁ ရက်


မိုးမရွာဘူး ပိတောက်မပွင့်ဘူး ဘယ်သူ့ကိုမှ အပျော်တွေမလောင်းခဲ့ရဘူး သင်္ကြန်အိုးမှာ ပရိတ်ကြိုးကိုချည်ခဲ့တယ် ထီးရိုးကို သူခိုးလစ်ခဲ့သလို မင်းဆိုးကို မိုးကြိုးပစ်ပါစေ။ - - - - - - နှင်းခါးမိုး ၁၇၊ ဧပြီ၊ ၂၀၁၉