အွန်လိုင်းကဗျာ
ကိုယ်ကတော့ ကဗျာကို ဘယ်နေရာမှာမဆို ရေးတာပါပဲ။
နံရံပေါ်မှာလည်း ရေးခဲ့ဖူးတယ်။ ဆေးလိပ်ဖင်ဆီခံပေါ်လည်း ရေးခဲ့ဘူးတယ်။ ကိုယ့်အရေပြားပေါ်မှာလည်း ကိုယ်ရေးခဲ့ဖူးတယ်။
အိမ်မှာနေတော့ အိမ်မြှောင်၊ ကျောင်းမှာနေတော့ ကျောင်းမြှောင်ဖြစ်မသွားပါဘူး။ ကဗျာက ကဗျာပါပဲ။
ဒီတော့ အွန်လိုင်းကဗျာလည်း ကဗျာပဲပေါ့။
Tuesday, June 28, 2011
Thursday, April 7, 2011
မီးသွေး
လောင်ကျွမ်းထားပြီးသား
နောက်ထပ်ရဲရဲ တောက်လောင်အုန်းမယ့်
ပုန်းနေတဲ့မီးခဲ
မည်းမည်းသဲသဲပေမယ့်
ပြာတော့မကျသေးဘူးလေ။ ။
Monday, January 3, 2011
စစ်

တယောက်ကိုတယောက်တည့်တည့်ချိန်ပစ်ကြ
ဘဝတွေပေးခဲ့ပြီး
ဘာပြန်ရမှန်းမသိလိုက်ဘူး
သေနတ်ခလုတ်ပေါ်မှာ
ငြိမ်းချမ်းမှုကိုရှာသတဲ့
လွတ်မြောက်မှုကိုရှာသတဲ့
အမှန်တရားကိုရှာသတဲ့။
မချိုးရသေးတဲ့ပြောင်းခင်းကြီးတွေကို ထားပစ်ခဲ့ရ
မြေးမလေးရဲ့ဗလာစာအုပ်ထဲမှာ
အရုပ်တွေကို အနီရောင်ခြယ်ထားရဲ့
မြစ်ထဲမှာ
စစ်ပွဲရဲ့ရေစီးသံ။
အပြန်လမ်းက
တဘက်ကမ်းမှာကျန်ခဲ့ပြီ။ ။
၀၃၊ ဇန်နဝါရီ၊ ၂၀၁၁
Saturday, January 1, 2011
နှစ်သစ်

မနက်မိုးလင်းတော့
၂၀၁၀ ကအမူးတွေ
၂၀၁၁ ထဲပါလာတယ်၊
တကယ်က
၁၂ နာရီရဲ့ဟိုဘက်မှာ
ဘာမှ မထားပစ်ခဲ့နိုင်ဘူး၊
၁၂ နာရီရဲ့ဒီဘက်မှာလည်း
၁၂ ထပ်တိုက်ပေါ်က ခုန်မချရဲသေးဘူး။
9:15, 1, Jan. 2011
Maesod
Tuesday, May 4, 2010
စံပယ်ကြွေတဲ့ည

အရင်လိုမမွှေးမြတော့ဘူးရယ်၊
မိုးရေတွေမဟုတ်ဘူး
မျက်ရည်တွေပါကိုကို
အပွင့်လေးတွေဖြူသလောက်
အရွက်တွေဒီလောက်စိမ်းမယ် မထင်ခဲ့မိဘူး၊
သံယောဇဉ်ဆိုတာ
ဝေးသွားရင်ညှိးတတ်ခြောက်တတ်သတဲ့လား
အခုတော့ အဖူးလေးတွေပါ ကြွေ။ ။
Subscribe to:
Posts (Atom)