Friday, March 7, 2008

အိမ်ရှေ့ကသစ်ပင်

နှင်းခါးမိုး

အဖွားကစိုက်ပြီး
ကျနော်က ရေလောင်းခဲ့တယ်။

သူ သီးတော့ပွင့်တော့
အဖွားက ဘဝတပါးမှာ
သူ့အရိပ်ဖားဖားဝေတော့
ကျနော်က ရေခြားမြေခြားမှာ..။

သစ်မြစ်တွေက
အချိန်ကာလထဲတိုးဝင်တယ်
သူ့ကိုမှီပြီး
မရှိတော့တဲ့အိမ်လေးကို ငေးကြည့်နေမယ်
တနေ့ကျရင်။ ။

4 comments:

Kaung Kin Ko said...

ကဗျာလေး ခံစားသွားတယ်ဗျာ။

Aung Din said...

Ko Wai Linn,I can feel your poem. It is very lovely and a great memory to where we all begin.

Best, Aung Din

တန်ခူး said...

တနေ့ကျရင် သူ့အရိပ်ဖားဖား အောက်မှာ အရင်ကလို အိမ်ကလေးတလုံး...။

မြန်မာပြည်ကိုလွမ်းတယ် said...

ကဗျာလေးဖတ်ပြီးမြန်မာပြည်ကိုပိုလွမ်းလာမိ
တယ်အကိုရေ.