သူရဲကောင်းတွေကလည်း သူရဲကောင်းမဟုတ်တော့ဘူး
ဗီလိန်တွေကလည်း ဗီလိန်မဟုတ်တော့ဘူး၊
ဆဲတာက ချစ်လို့ဆိုရင်
ကန်တော့တာက ဆဲနည်းတမျိုးလား၊
လှပေမဲ့ ဆင်းရရှာတဲ့မိန်းကလေးလို
လူတကာပစ်မှားတာ ခံနေရတဲ့တိုင်းပြည်၊
စစ်ပွဲတွေက စီးပွားဖြစ်တော့
လူ့အသက်တွေက ချက်လက်မှတ်ဖြစ်ရ၊
အဲဒီတကမ္ဘာလုံးကိုတင်ပို့နေတဲ့ မူးယစ်ဆေးဝါးတွေဟာ
ကျုပ်တို့သားသမီးတွေရဲ့ အသွေးအသားတွေနဲ့ ချက်လုပ်ထားတာ၊
ကုလသမဂ္ဂဆိုတာကြီးကိုသာ
ခုံရုံးတင်လိုက်ကြပါလေ။
- - - - - - - - - - - -
နှင်းခါးမိုး
၁၆၊ ဇန်နဝါရီ၊ ၂၀၁၉
x
Tuesday, September 24, 2019
ဟက်ပီဝါး
Wednesday, August 7, 2019
အသဲကွဲနေသူတယောက်အတွက် လိုရမယ်ရစကားလုံးများ
မြို့ပတ်
Monday, July 1, 2019
ဒီဇင်ဘာဆင်းဒရုန်း
Monday, March 11, 2019
နိဗ္ဗာန်ဈေး
သာမညဖလသုတ်ပဲရွတ်ရမလား
ကြက်ဆင်သားပဲစားရမလား၊
တပ်မတော်ကြီးပဲထောက်ခံရမလား
ဘုရားပဲထီးတင်ရမလား၊
တစ်ယောက်သုံးစောင်ပဲရမယ်
နှစ်ခါပြန်စီတဲ့သူတွေ အခုအပြင်ထွက်၊
ဆပ်ပြာမှုန့်တထုပ်
ကြက်ဥသုံးလုံး
အအေးနဲ့ ကြာဆံကြော်တဘူး
လက်မှတ်မရှိလည်း ယူသွားပါအမေရယ်
ကလေးတပြုံနဲ့ ကြွပ်ကြွပ်အိတ်အမဲကြီးနဲ့
နောက်တလမ်းဆက်လိုက်ကြအုန်းစို့ဟေ့ တဲ့၊
မီးပုံးပျံကြီးက မှိုင်းဝနေပြီ
လူတွေက ကလို့ မဝသေးဘူး။
နှင်းခါးမိုး
23. November. 2018
တနင်္ဂနွေမှ တနင်္ဂနွေသို့
ဒီနှစ်များအတွင်း လူတွေဟာ ဘယ်လောက် နှလုံးသား ကင်းမဲ့သွားကြသလဲဆိုရင် လမ်းပေါ်ကြွေကျနေတဲ့ ခရေပန်းလေးတွေကိုတောင် ကောက်မဲ့သူ မရှိတော့ဘူး။
လူတကာနင်းခြေခဲ့လို့ ကြေမွနေတဲ့ ပန်းကလေးတွေမှာ သင်းရနံ့ကလေး တွေ ကျန်နေသေးတယ်ဆိုရင်တောင် အဲဒီရနံ့ကြွင်းလေးတွေကို တရှိုက် မက်မက်တိမ်းမူးတတ်တဲ့ စောက်ရူးတွေကတော့ ဒီခေတ်မှာ မကျန်တော့တာ သေချာတယ်။
သူ့ကော်ဖီခွက်ထဲ ယင်ကောင်တကောင်ကျဆုံးသွားပုံဟာ ဒီမနက်ခင်းရဲ့ အဓိကပြကွက်ပေါ့။
ဆောက်လက်စအထပ်မြင့်တိုက်ပေါ်က ဝန်ချီစက်ကြီးဟာ သူ့ကိုယ်သူ လီနင်လိုလို ဗိုလ်ချုပ်အောင်ဆန်းလိုလို နယူးယောက်ပင်လယ်ဝက လစ်ဘာတီဖာသယ်မကြီးလိုလို။
မနေ့က ကြယ်ငါးပွင့်ဟိုတယ်ကြီးပေါ်မှာ
ဒီနေ့ နှစ်ရာတန်ဘက်စ်ကားပေါ်မှာ
ဘဝကကျောပိုးအိတ်ပဲ လျှောက်နေသမျှ လမ်းကမဆုံးဘူး
ရပ်ကွက်လေးထဲ ပြန်ဝင်လာတော့ မိုးကသဲလာတယ်
မြောင်းရေထဲမှာလျှောက်ရင်း ပြုံးပစ်လိုက်တယ်
သော့က ဘောင်းဘီအိတ်ထဲမှာ။
နှင်းခါးမိုး.
18. November. 2018