သာမညဖလသုတ်ပဲရွတ်ရမလား
ကြက်ဆင်သားပဲစားရမလား၊
တပ်မတော်ကြီးပဲထောက်ခံရမလား
ဘုရားပဲထီးတင်ရမလား၊
တစ်ယောက်သုံးစောင်ပဲရမယ်
နှစ်ခါပြန်စီတဲ့သူတွေ အခုအပြင်ထွက်၊
ဆပ်ပြာမှုန့်တထုပ်
ကြက်ဥသုံးလုံး
အအေးနဲ့ ကြာဆံကြော်တဘူး
လက်မှတ်မရှိလည်း ယူသွားပါအမေရယ်
ကလေးတပြုံနဲ့ ကြွပ်ကြွပ်အိတ်အမဲကြီးနဲ့
နောက်တလမ်းဆက်လိုက်ကြအုန်းစို့ဟေ့ တဲ့၊
မီးပုံးပျံကြီးက မှိုင်းဝနေပြီ
လူတွေက ကလို့ မဝသေးဘူး။
နှင်းခါးမိုး
23. November. 2018
No comments:
Post a Comment