မိုးရွာမလား
နေပူမလား
မသိနိုင်တဲ့မနက်။
မျှော်လင့်ခြင်းရယ်
စိုးရွံ့မှုတွေရယ်
အုံ့ဆိုင်းနေတဲ့မနက်။
ဘက်စကားအိုကြီးတွေတောင်
အသံမထွက်အောင်ထိန်းမောင်းနေတဲ့မနက်။
ကျောင်းတက်ပြီး
စာမသင်ဖြစ်တဲ့မနက်။
ရုံးတက်ပြီး
လက်ဖက်ရည်ဆိုင်မထိုင်ဖြစ်တဲ့မနက်။
ဈေးသွားပြီး
ဟင်းမချက်ဖြစ်သေးတဲ့မနက်။
အိမ်ကြိုအိမ်ကြားထဲအစာရှာထွက်တဲ့
ရပ်ကွက်ထဲကခွေးတွေတောင်
တကောင်နဲ့တကောင်တွေ့ရင် မဟောင်မိတဲ့မနက်။
တာဝန်လက်ပတ်တွေ
တုတ်တွေ ဒိုင်းတွေ သံဆူးကြိုးတွေ
လော်စပီကာတင်ထားတဲ့စစ်ကားတွေ
ကိုယ့်အိမ်ထဲကိုယ်နေကြပါတဲ့
လမ်းပေါ်ထွက်ရုံနဲ့
နိုင်ငံတော်ပုန်ကန်မှုဖြစ်သွားနိုင်တဲ့မနက်။
နှစ်ဆယ့်ခြောက်နှစ်လုံးလုံး
ကိုယ်ဝန်ဆောင်ထားခဲ့ရတဲ့မနက်။
တမိနစ်ချင်း
သံပတ်တင်းတင်းလာတဲ့မနက်။
သမိုင်းလှည်းဘီးကို
ဘယ်သူကတွန်းပြီး
ဘယ်သူကရပ်တန့်နိုင်ပါသလဲ
အဲဒီ့မနက်က
လှည်းလမ်းကြောင်းမှာ
ဖုန်းတထောင်းထောင်းထခဲ့တယ်၊
နှင်းခါးမိုး
၂၀၀၅
1 comment:
Amazing! Great Wai Linn. WNO
Post a Comment