Friday, July 19, 2013

အရူးဆိုတဲ့သီချင်း

နှင်းခါးမိုး
Boot and flower (pen ink drawing) by Vitogoni

စချင်တဲ့နေရာမှာစပြီး ဆုံးချင်တဲ့နေရာမှာဆုံးမယ်
အော်ချင်တဲ့အခါထအော်
နှစ်ကိုယ်ကြားလေးဖြစ်တဲ့အခါဖြစ်
ဘာပါလိမ့်လို့နားမစွင့်နဲ့ ဘာမှမဟုတ်ဘူး
ဒါပေမယ့် တဘ၀လုံးစာ
နှစ်ခါပြန်မဆိုဘူး
နှစ်ယောက်ပြန်မဆိုဘူး
နောက်တနေရာရောက်ရင်နောက်တပုဒ်
နောက်တခါဆိုရင်နောက်တမျိုး
ခေါင်းစဉ်တခြား စာသားတခြား
ပါးစပ်ဆိုင်းနဲ့ ကကြိုးနဲ့
အငိုတွေအရယ်တွေနဲ့
ဒီသီချင်းသာမဆိုရရင်
ဒီအရူးကသေသွားမှာ။  

No comments: