မုန်တိုင်းက ဝတ်စုံအပြည့်နဲ့ ညစာစားပွဲထဲ ဝင်လာတဲ့အချိန်မှာ
အနောက်တောင်ထောင့်ဝိုင်းမှာ အပျိုမလေးက ပျောက်သွားတဲ့ကြယ်တွေကို ရေတွက်နေရဲ့၊
သစ္စာအဖောက်ခံရတဲ့ကောင်းကင်ကြီးက တိမ်ဆိုးတွေကို သံကြိုးဖြေလွှတ်လိုက်တဲ့အခါ
တုန်ယင်နေတဲ့ရပ်ကွက်ကလေးဟာ သူ့ပြတင်းပေါက်တွေကို ကမန်းကတမ်းဝှက်ရှာတယ်
လမ်းဘေးရေနှုတ်မြောင်းကလေးတွေကတော့ ရရာလက်နက်စွဲကိုင်ကြရင်း ငါတို့မှာရွေးချယ်စရာမရှိဘူး တဲ့။
ဘက်စကားပေါ်မှာ ကျန်ခဲ့တာလား
လက်ဖက်ရည်ဆိုင်မှာ ကျန်ခဲ့တာလား
လက်ဆောင်ရထားတဲ့ထီးကလေးပေမယ့် သံယောဇဉ်ကကြီးပါတယ်။
တရံတခါက ဝရန်တာမှာ
ဂမုန်းပင်ကလေး ပြုံးပြုံးရွှင်ရွှင်ရှိပါစေ။ ။
နှင်းခါးမိုး
No comments:
Post a Comment