Tuesday, May 15, 2018

ရေရဲ့စတိုင်

ရေက ပုလင်းထဲက မထွက်တော့ဘူး
ပုလင်းက ပုံးထဲက မထွက်တော့ဘူး
ပုံးက အခန်းထဲက မထွက်တော့ဘူး

ဝင်လာတဲ့သူရဲ့ရွေးချယ်မှုကို
စိတ်အေးလက်အေး ထိုင်စောင့်နေလိုက်တယ်။

ရေရဲ့ရည်ရွယ်ချက်က
စီးဆင်းနေဖို့ပဲ။

နှင်းခါးမိုး

4 comments:

Unknown said...

ခင်ဗျားကဗျာတွေခိုက်လွန်းလို့ ဘယ်တော့အသစ်တင်မလည်းအမြဲဝင်ကြည့်နေရတယ်
ကြိုက်တာလေးတွေဆို မသွားတယ် ဖေ့ ဘုတ်မှာတင်တယ်
ကျေးဇူးပ့

Unknown said...

ခင်ဗျားကဗျာတွေခိုက်လွန်းလို့ ဘယ်တော့အသစ်တင်မလည်းအမြဲဝင်ကြည့်နေရတယ်
ကြိုက်တာလေးတွေဆို မသွားတယ် ဖေ့ ဘုတ်မှာတင်တယ်
ကျေးဇူးပ့

wai lin tun said...

ကျေးဇူးပါဗျ။ ဖဘမှာပဲ ရေးဖြစ်နေလို့ ဘလော့ကို ဠှည့်မကြည့်ဖြစ်တာပါ။ အခုတော့ ဒီမှာပြန်ရေးဖို့ စိတ်ကူးထားပါတယ်ဗျ။

Unknown said...

ကျနော့်မှာခံစားချက်လေးက ဘလောက်ကစာတွေကဗျာတွေဖတ်ရင် ဘာနဲ့ တူသလည်းဆိုတော့ မိုးရွာဖို့ ဟန်ပြင်နေတဲ့ တိမ်တွေမိုးသားတွေကြောင့်အုံ့ မှိုင်းသွားတဲ့ ခေတ္တခနမှာခံစားလိုက်ရတဲ့ ခံစားမှု့ မျိုးမို့  ဘလောက်ကစာတွေကဗျာပဲရှာပြီးအဖတ်များတယ်( ဗဟုသုတစုံသလို အထီးကျန်မှု့ တွေလည်းတွေ့ ရတယ် ဒါပေမယ့် လူသိပ်မသိဘူး အဲဒါကျေနပ်တယ်