Friday, January 12, 2024

မိမိကိုယ်ကို ကောင်ဆယ်လင်းလုပ်ခြင်း

နှင်းဆီမွေ့ရာပေါ်မှာလည်း မျက်ရည်စက်တွေနဲ့
သံဆူးမွေ့ရာပေါ်မှာလည်း အိပ်မက်လှလှတွေနဲ့၊
သေခြင်းတရားနဲ့ချစ်ခြင်းတရားရဲ့အကြားမှာ
ဘုရားအလောင်းကလည်း သူ့ဇာတ်ကြီးဆယ်ဘွဲ့နဲ့သူ
ဒေဝဒတ်ကလည်း သူ့အပေါင်းအပါနဲ့သူ။
ရေပိုက်ခေါင်းကိုဖွင့်လိုက်တော့ သီချင်းသံထွက်လာတယ်
ရေဒီယိုကိုဖွင့်လိုက်တော့ ဖာရုံထဲဝင်သွားတဲ့ ဘုရားလူကြီးထွက်လာတယ်၊
ခင်ဗျားဘာပြောချင်တာလဲဆိုတော့
ဘာမှမပြောချင်တော့ဘူးဆိုတာ ပြောချင်လို့ပါတဲ့
သေလိုက်၊ အခါတထောင်သေလိုက်
ကိုဗစ်ဖြစ်တုန်း ရောသေလိုက်။
နှင်းခါးမိုး
၁၂၊ အောက်တိုဘာ ၂၀၂၀

No comments: