Tuesday, February 7, 2012

ခဲနေတဲ့နေ့



ခဲနေတဲ့အိုင်
ခဲနေတဲ့မြစ်
ခဲနေတဲ့ကောင်၊

ခဲနေတဲ့အိုင်အောက်မှာ
ကူးခတ်နေတဲ့ငါးလေးတွေကို
ခဲနေတဲ့အိုင်ပေါ်ကငှက်တွေက
ငံလင့်စောင့်မျှော်နေကြ။

ခဲနေတဲ့မြစ်အောက်မှာ
စီးနေတဲ့ရေတွေကို
ခဲနေတဲ့မြစ်ပေါ်က
လှေသင်္ဘောတွေက လိုအပ်နေကြ။

ခဲနေတဲ့ကောင်ထဲမှာ
ကူးခတ်နေတဲ့ငါးလေးတွေကို
ခဲနေတဲ့ကောင်ထဲမှာ
စီးနေတဲ့ရေတွေကို
ခဲနေတဲ့ကောင်က
မစောင့်မျှော် မငံလင့်တော့ဘူး
မလိုအပ်တော့ဘူးဆိုတာ
ဟောဒီ ပဉ္စမဆယ်စုနှစ်ကြီးသိအောင်
အော်ပြောလိုက်တယ်။

တဆောင်းလုံးသူ့သစ်မြစ်ထဲ သူသေဆုံးနေခဲ့တဲ့
ကျုးလစ်ပန်းကလေး
လန့်နိုးလာတဲ့အထိ။ ၊


3 comments:

မိုးသူ(တောင်ကြီး) said...

ကျွန်တော်တော့ နေ့ တိုင်းခဲနေတယ်ဗျာ
အလည်ရောက်ခဲ့ပါတယ်နော်

pandora said...

ပျော်သွားပြီဗျ

Moe Ye said...

ခဲနေတဲ့ နေရာမှာလည်း မနေချင်တော့ပါဘူး ဗျာ ။