တုပ်ကွေးကချောင်းနေတယ်
နှာခေါင်းစည်းတွေက မြောင်းထဲမှာပိတ်ဆို့နေပြီ
ကျွဲအုပ်ကြီးက ခရီးဆက်မပျက်သလို
ခြင်္သေ့တွေကလည်း လစ်တဲ့ကောင် ဝင်အဆွဲမပျက်ဘူး၊
နှာခေါင်းစည်းတွေက မြောင်းထဲမှာပိတ်ဆို့နေပြီ
ကျွဲအုပ်ကြီးက ခရီးဆက်မပျက်သလို
ခြင်္သေ့တွေကလည်း လစ်တဲ့ကောင် ဝင်အဆွဲမပျက်ဘူး၊
အသက်ရှင်နေရတာကိုက အန္တရယ်မကင်းဘူးဆိုတဲ့ဘဝကို ငါတို့လက်ခံလိုက်ကြရမှာပဲ
ငါတို့က ငါတို့လိုချင်တာကို မျက်ခြေပြတ်ပြတ်သွားပေမယ့်
သူတို့ကသူတို့အိပ်မက်ကို စစ်ဖိနပ်လိုစီးထားကြတယ်
သဘောၤမှောက်တော့ လူကိုမကယ်ဘူး ပစ္စည်းကိုလုတယ်
မီးလောင်တော့ မီးအရင်မသတ်ဘူး ပိုက်ဆံအရင်တောင်းတယ်
အဲလိုလူတွေနဲ့ ဘက်စကားတစီးတည်းလည်း ကျောချင်းကပ်လိုက်လာခဲ့ရတာပဲ မဟုတ်လား၊
ဦးစားပေးသင့်သူကို ဦးစားပေးခြင်းဖြင့်
ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်ကို အချစ်တို့မျှဝေကြပါစို့ တဲ့။
ရင်ထိုးတံဆပ်မှသည်
ဘီလ်ဘုတ်ဆိုင်းဘုတ်အထိ
မောင်းတောရဲကင်းမှသည်
နေပြည်တော်သင်္ဂဟဟော်တယ်အထိ
ခင်ဗျားလစ်ရင်တော့ ခင်ဗျားခံရမှာပဲ
ဟောတာပြောတာတွေ နားထောင်ရုံနဲ့တော့
တုပ်ကွေးကမပျောက်ဘူး
နည်းနည်းလေးပေါ့လိုက်တာနဲ့
လုံခြုံရေးကောင်စီတံခါးကို ခေါက်တော့တာပဲ၊
တကယ်က နှစ်ဖက်စလုံး ဒုက္ခသည်တွေချည်းပါဗျာ
ရွာတွေအားလုံး သားသေလင်ဆုံးတွေချည်းပါဗျာ
တပြည်လုံးကအမုန်းတွေနဲ့လည်း ဒီမီးကငြိမ်းမသွားဘူး
တကမ္ဘာလုံးကအော်သံတွေနဲ့လည်း ဒီစည်းရိုးကိုအဖျက်မခံနိုင်ဘူး
ညနေဘာနဲ့စားရမလဲ မတွေးအားဘူး
ကိုယ့်ဘေးနားကကောင် အသားမဲလားဖြူလား အရင်ကြည့်နေရတယ်
တော်တော်လူမဆန်တဲ့ နိုင်ငံရေးပါကွာ။
နှင်းခါးမိုး
၆၊ စက်တင်ဘာ၊ ၂၀၁၇
1 comment:
Post a Comment