ခြေရာတွေမှာ ဝေဒနာတွေ့တယ်
ဝေဒနာတွေမှာ ခြေရာတွေ့တယ်
မင်းတို့လိုရာရောက်ပါစေ။
မီးတိုင်လေးအောက်မှာ
အိမ်ရောက်အောင်တောင် မစောင့်နိုင်တော့တဲ့ ချာတိတ်ဟာ
သနပ်ခါးရနံ့နွေးနွေးနဲ့ စာတစောင်ကို ကတုန်ကယင်ထုတ်ဖတ်နေတယ်။
လျှောက်ခဲ့တာတော့ အဝေးကြီးပဲ
ရောက်ခဲ့တာလည်း အများကြီးပဲ
လေတွေတိုက်နေတဲ့ လမ်းပေါ်မှာ လွင့်လို့ကောင်းတုန်းလား လေလွင့်သူကြီး။
တောင်တန်းကြီးပေါ် တင်ငြိနေတဲ့အပ်ခြည်ကြိုးလေးတချောင်းကို ငေးကြည့်ရင်း
လူ့ဘဝတွေဟာ တခါတလေ လောင်းကြေးဖြစ်ခဲ့ဘူးတာ သတိရတယ်။
နှင်းခါးမိုး
2 comments:
We are sailing 😂
Please kindly add me cause of I don’t know your FB Sir,
https://www.facebook.com/profile.php?id=100025597597163
လွင့်လ်ု့ ကောင်းနေတုန်းလား လေလွင့်သူကြီး
Arthur Edward
Post a Comment